Mar 24, 2025
ဗဟုဝင်ရိုးကမ္ဘာဟုဆိုသည့် ဝင်ရိုးစုံကမ္ဘာ (Multipolar World)သည် ယခင်က ကမ္ဘာ့စင်မြင့်ပေါ်တွင် အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ ယခုအခါအဆိုပါအခင်းအကျင်းများနှင့် မတူတော့ဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများစွာတို့သည် သိသာထင်ရှားသော စုစည်းမှုစွမ်းအားများဖြာထွက်လာပြီး ကမ္ဘာ့စင်မြင့်ပေါ်တွင် နိုင်ငံစုံဩဇာသက်ရောက်လာသည့် အစီအစဉ်သစ်ဖြစ်သည်။
Mar 24, 2025
နိုင်ငံတစ်နိုင်ငံဟူသည် ပိုင်နက်နယ်နိမိတ် ယင်းနယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူများ၊ အုပ်ချုပ်သည့်အစိုးရနှင့် အချုပ်အခြာအာဏာဟူသော ဥပဓိရုပ်လေးရပ်နှင့် ပြည့်စုံရန်လိုအပ်သည်။ သို့ရာတွင်ယင်းဥပဓိရုပ်လေးရပ် တွေ့ဆုံရုံမျှသည် မည်ကာမတ္တ နိုင်ငံမျှသာဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နိုင်သည့် နိုင်ငံဖြစ်လာစေရန်အတွက်မူ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဟူသည့် စွမ်းအားများနှင့်ပြည့်စုံပြီး အင်အားခိုင်မာတောင့်တင်းလာအောင် မိမိနိုင်ငံတွင် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်တို့ကို အထိရောက်ဆုံးအသုံးချကာ တည်ဆောက်ကြရခြင်းဖြစ်သည်။
Mar 23, 2025
ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Mar 23, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်များ၊ ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီ၀ဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။
Mar 23, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်း ကျေးရွာအုပ်စု မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ ဦးသန်းဇော်ဦး၏ ဒေသနွားအကောင် ၆၀၊ အသားတိုးနွား (ဘရန်မင်) အကောင် ၂၀ ကို ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
Mar 23, 2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မင်းကျောင်းဘုန်းတော်ကြီးကျောင်း၌ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက် အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Bio metric) ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် တစ်ပါ တည်း ထုတ်ပေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
Mar 23, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Mar 23, 2025
မတ် ၂၁ ရက်က နေပြည်တော်၌ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦး လေဆိပ်သို့ရောက်ရှိလာရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြိုဆိုကြသည်။
Mar 23, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် လှိုင်အားကစားကွင်းသို့ရောက်ရှိပြီး ကာယပညာဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံ၊ အားကစားသမားနားနေခန်းနှင့် အဝတ်လဲခန်း၊ GYM ခန်း၊ မြက်ခင်းတုဘောလုံးကွင်း၊ Indoor Stadium ၌ ပုံမှန်သင်တန်းနှင့် နွေရာသီသင်တန်းတက်ရောက်နေသော တိုက်ကွမ်ဒို၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်အားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘောလုံးလေ့ကျင့်ရေးကွင်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
Mar 23, 2025
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား သတင်းအချက်အလက်နည်းပညာ (IT) ကဏ္ဍ ပူးပေါင်းမြှင့်တင်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးရုံး၌ကျင်းပသည်။
Mar 23, 2025
ဝါးအခြေပြုတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အသိပညာ၊ နည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 23, 2025
စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန် အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန် အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Mar 23, 2025
တရားမဝင်ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအမှုတွဲများ အမြန်ဆုံး ပြီးပြတ်စေရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
Mar 23, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 23, 2025
ကမ္ဘာပေါ်ရှိနိုင်ငံများအနေဖြင့် အစောပိုင်းရာစုကာလများ၌ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်အခွင့်အလမ်းများနှင့် လွတ်လပ်စွာနေထိုင်လာကြရာမှ အေဒီ ၁၇ ရာစုခန့်က ပေါ်ပေါက်ခဲ့သော ကိုလိုနီနယ်ချဲ့စနစ်ကြောင့် နိုင်ငံအများစုမှာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ကြရသည်။ အမှန်တကယ်တွင် ကိုလိုနီစနစ် သို့မဟုတ် အင်အားနည်းသည့်နိုင်ငံများကို ကျူးကျော်နယ်ချဲ့သည့်စနစ်သည် ဥရောပတွင် ၁၅၀၀ ပြည့်နှစ်ကတည်းကစတင်ခဲ့ပြီး ၁၇၆၀ ပြည့်နှစ်တွင်ပေါ်ပေါက်သည့် စက်မှုတော်လှန်ရေးအပြီးတွင် ပိုမိုအားကောင်းလာခဲ့သည်။
Mar 23, 2025
ဧကဝင်ရိုးကမ္ဘာနိဂုံးချုပ်၍ ဗဟုဝင်ရိုးကမ္ဘာခေတ်ဆီသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဟု ဆိုသည်။ ဤသို့သော ကမ္ဘာနှစ်ရပ်အပြောင်းအလဲသည် မကြာသေးသည့်လအနည်းငယ်ကပင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုပြန်ရာ အံ့ဩဖွယ်ရာပင်ဖြစ်ရသည်။ မိမိတို့နိုင်ငံမှ သာမန်ပြည်သူများ၏ နိစ္စဓူဝလူမှုစီးပွားဘဝများမှာ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲကြီးကြောင့် တစ်စုံတစ်ရာရိုက်ခတ်မှု၊ သက်ရောက်မှုတို့ သိသာထင်ရှားစွာ ဖြစ်ပေါ်မလာသေး။
Mar 22, 2025
၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။
Mar 22, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်းမောင်းနှင်ပြီး ရဲဝင်းထက်လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟနှင့် အောင်ဖြိုးကိုတို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ပြီး မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀(B)လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ ၂ ဦး ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၆ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့သယ်ဆောင်ရန် စေခိုင်းသူ ဇော်မင်းထွန်း(ခ)ကိုဇော်(ခ)ပုံတူအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။