Jul 25, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 25, 2022
အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင်တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
Jul 25, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်၊လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း အသီးသီးသို့ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
Jul 25, 2022
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jul 25, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 25, 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပသည်။
Jul 25, 2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 25, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုပွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုစုထားရှိသည့် ပုံပြင်၊ ကဗျာ စာအုပ်(၃)မျိုး ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
Jul 25, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည်
Jul 25, 2022
ကယားပြည်နယ်တွင် အခြေခံစားကုန်စားဖိုဆောင်သီးနှံကို ပြည်နယ်တွင်းစိုက်ပျိုးမှုလျော့ နည်းသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့်မိထ္ထီလာမှ အများဆုံး တင်သွင်းရပြီး ဇွန်လတွင် ပြည်နယ်အတွင်း ကြက်သွန်နီဝင်ရောက်မှုမှာ (၂၄၂၀) အိတ် ( ၇၂၆၀၀ ) ပိဿာရှိခဲ့ပြီး ယခုလက်ရှိ ဇူလိုင်ပထမပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ အလုံး ကြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီ
Jul 25, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မြဲဖြစ်သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (China-ASEAN Expo) အား ၂၀၀၄ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ပါဝင်ပြသခဲ့ရာယခုနှစ်တွင် ကျင်းပမည့် ကုန်စည်ပြပွဲ သည် မြန်မာ နိုင်ငံမှ (၁၉) ကြိမ်မြောက် ပါဝင်ပြသခြင်းဖြစ်ပါသည်။
Jul 25, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အမှတ်တံ ဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်းသော လုပ်ငန်းစဉ်များကို ကောင်းစွာနားလည် သဘောပေါက်ပြီး မှန်ကန်စွာဆောင်ရွက်နိုင်စေရန် “မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စား လှယ်သင်တန်း” များကိုအမိန့်အမှတ် (၆၃/၂၀၂၀) အရ WIPO File စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက် ထားခြင်းကို ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များအတွက် လည်းကောင်း၊ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက်လည်းကောင်း Virtual စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင် ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂) ကိုအောက်ပါအတိုင်း ဖွင့်လှစ်မည်ဖြစ်ပါသည်-
Jul 25, 2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧက ၁၃၅ ဧက စိုက်ပျိုးရန် လျာထားပြီးဖြစ်ပါသည်။
Jul 25, 2022
မြန်မာနိုင်ငံသည်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ် သည်နှင့်အညီ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ကို စိုက်ပျိုး ကြပါသည်။ ယင်းအပြင် တောင်သူများသည် ပြည်ပပို့ကုန် တစ်မျိုးဖြစ်သော အစေ့ထုတ်ပြောင်း များကိုလည်း တစ်နှစ်လျှင်နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးလာကြသည်။
Jul 25, 2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့ဌာနအနေဖြင့်လည်း စားသုံးသူရေးရာလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ် မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ခရိုင်အတွင်း မြို့နယ်အလိုက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
Jul 25, 2022
ကြက်သွန်နီသည် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် အာဟာရတန်ဖိုး ကြွယ်ဝပြီး စွမ်းအင်ကိုဖြစ်စေသော အစာတစ်မျိုးဖြစ်သည်။ ဟင်းလျာတိုင်းတွင် မပါမဖြစ်အသုံးဝင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက်ဖြစ်သည်။ မြန်မာကြက်သွန်နီသည် ပြည်တွင်း ပြည်ပဈေးကွက်ဝင်ပြီး၊ မြန်မာ GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ရန် ရွေးချယ်ထားသည့် သီးနှံ (၁၄)မျိုးတွင်ပါဝင်ပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးတွင် နှစ်စဉ်ပျှမ်းမျှ ကြက်သွန်နီစိုက်ဧက (၅) သောင်းခန့်ရှိပြီး ထွက်ရှိမှုမှ မျိုး၊ အလေအလွင့်၊ စားသုံးမှုနှုတ်ပါက တန်ချိန်(၃) သိန်းခန့် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။
Jul 25, 2022
၁။ ASEAN Network of Intellectual Property Enforcement Expert (ANIEE) မှ မူပိုင်ခွင့် ဆိုင်ရာ Poster နှင့် Video ပြိုင်ပွဲများကိုကျင်းပမည်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင် ယှဉ်ပြိုင်နိုင်သဖြင့် လူငယ်လူရွယ်များပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
Jul 25, 2022
ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ
Jul 25, 2022
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့သည် (၅.၇.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့နယ် အတွင်းရှိ တပိုင်တနိုင် မြေပဲဆုံဆီလုပ်ငန်း လုပ်ကိုင်ရောင်းချလျှက်ရှိသော လုပ်ငန်းနေရာသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
Jul 25, 2022
အာဆီယံဒေတွင်း၌ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရောင်းဝယ်မှုတိုးမြင့်လာသည်နှင်အမျှ စျေးကွက်အပေါ် စားသုံးသူများ၏ယုံကြည်မှုကို ထိန်းသိမ်းရန်ကိစ္စမှာ အာဆီယံဒေသတွင်းစီးပွားရေးအတွက် အထူးအလေးထားရမည့် ကိစ္စ တစ်ရပ်ဖြစ်လာပါသည်။ သို့ဖြစ်၍ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အာဆီယံ နိုင်ငံများရှိ ဆိုင်/လုပ်ငန်းများမှဝယ်ယူသော ထုတ်ကုန်များနှင့်ပတ်သက်သည့် နယ်စပ်ဖြတ်ကျော် စားသုံးသူ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံဒေသတွင်း အွန်လိုင်းမှ စားသုံးသူ တိုင်ကြားမှု ဖြေရှင်းရေးစနစ်အား ထူထောင်ခဲ့ပါသည်။