Skip to main content

Oct 11, 2022

ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၆ ရက်ထိကျင်းပသည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာသွေးတိုး ရောဂါဆေးပညာအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ်တက်ရောက်မည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ ဒေါက်တာရဲမြင့် (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ အထွေထွေအတွင်းရေးမှူး)၊ ပါမောက္ခဒေါက်တာမင်းဇော်ဦး (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ တွဲဖက်အတွင်းရေးမှူး)နှင့် ပါမောက္ခ ဒေါက်တာ ရှင်နှောင်းလွင် (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ အဖွဲ့ဝင်)တို့သည် အောက်တိုဘာ ၁၀ ရက် ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်အမှတ် (WE 304)ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း၊ တောင်တက်လမ်းတွင် မောင်းနှင်ရာတွင် အောက်ပါအချက်များကို လိုက်နာရပါမည်-

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

၁။ ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက်ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ ကြက်/ ဘဲ/ငုံးခြံများတွင် အဆိုပါရောဂါကူးစက်ကျရောက်ခြင်းမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ ကြက်ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

မော်တော်ဆိုင်ကယ်မောင်းနှင်သူသည် အောက်ပါအချက်များကို လိုက်နာရမည် -

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလ၌ တိရစ္ဆာန်များတွင် ကူးစက်ရောဂါများကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး မိမိတို့မွေးမြူထားသောဝက်များကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်းကိုလည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၄ ဂါလန် သန်းကိုလည်းကောင်း ဆီချ

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများသည် ယနေ့နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်ကြပြီး ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနရှိ သွားကျန်းမာရေးဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဦးစီးအဖွဲ့သည် ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိကြပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကုသပေးခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အောက်တိုဘာ ၉ ရက်ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး စေတီတော်ရင်ပြင်ပတ်လည် ဆီမီးခုံများ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဘုရားဖူးပြည်သူများက ဆီမီး ၁၀၀၀၀ ကို ထွန်းညှိပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် အထူးတန်းဝင်ကော်ဖီ (Myanmar Speciality Coffee) အဖြစ်နေရာတစ်ခု အခိုင်အမာရရှိထားပြီး ဥရောပ၊ အမေရိကနှင့် ဂျပန်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ တင်ပို့လျက်ရှိရာ ဈေးကောင်းရရှိနေသည်မှာ ရှစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အရည်အသွေးကောင်း ကုန်းမြင့်ကော်ဖီနှင့်မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေမြေရာသီဥတု အခြေခံကောင်းသော ဒေသများစွာရှိနေရာ ကော်ဖီအဓိကတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက မြန်မာနိုင်ငံကော်ဖီအသင်း(MCA)နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ ကော်ဖီတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် အောက်တိုဘာ ၉ ရက်မွန်းလွဲ ၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ Saint Peter Angelecan Church ဘုရားကျောင်း၌ အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင်ခရစ်ယာန်အသင်းတော်များကောင်စီများမှ ဆရာတော်များ၊ သင်းအုပ်ဆရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

ဤကမ္ဘာမြေသည် လူသားနှင့်သက်ရှိသတ္တဝါများ အသက်ရှင်သန်ရပ်တည် နေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းထားသောဒြပ်ထုဖြစ်သည်။ သက်ရှိများအား  အကျိုးပြုသည့် ဤကမ္ဘာမြေသည် ပမာဏသတ်မှတ်ချက်တစ်ခုဖြင့် ဖြစ်တည်နေခြင်းဖြစ်သည်။ ကမ္ဘာမြေကြီးသည် နှစ်သန်းပေါင်းများစွာကြာအောင် လူသားများနှင့်သက်ရှိများအားလုံးအား အကျိုးပြုလျက်ရှိသည်။ လူသားများနှင့်သက်ရှိများအား အကျိုးပြုသည့် ဤကမ္ဘာမြေကြီးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို တင့်တယ်ခမ်းနား စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပပြီဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပမှုများ ရပ်ဆိုင်းသွားခဲ့သည့် ခြောက်နှစ်တာကာလပတ်လုံး ရတနာထုပ်ပျောက်ဆုံးသွားသည့်နှယ် နှမြောတသ ဝမ်းနည်းခံစားကြရကြောင်း ရိုးရာယဉ်ကျေးမှုချစ်မြတ်နိုးသူ အနုပညာရှင်ကြီးများက တညီတညွတ်တည်းဆိုကြပြီး ယခုနှစ်တွင်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲပြန်လည်ကျင်းပသည့်အပေါ် အထူးဂုဏ်ယူဝမ်းမြောက်ဝမ်းသာစွာဖြင့် ထောက်ခံအားပေးကြကြောင်း ကြားသိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 10, 2022

ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူ သီလတည်ဆောက်ခြင်း၊ အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာများ၌ အပန်းဖြေခြင်းတို့ဖြင့် အထူး စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်