Jun 23, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Jun 23, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 23, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 23, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Jun 23, 2023
ယုံယုံကြည်ကြည် ထီထိုးသူများတွင် ကျွန်တော်လည်းပါပါသည်။ ထိုးသလောက်လည်း ပေါက်ခဲ့ သည်ကိုး။ ဒီလိုပေါက်လို့လည်း ပုံမှန်နီးပါးထိုးဖြစ်နေသည်။ ထီဆုကြီးသည်၊ သေးသည်ထက် ကိုယ့်ကံကိုစမ်းသပ်ခြင်းဟု မှတ်ယူပါသည်။ သို့သော် ကျွန်တော့်အားနည်းချက်က ထီကိုထိုးရုံသာ၊ အားထည့်ပြီးတိုက်လေ့တိုက်ထမရှိပါ။ ပေါက်ခဲ့သည့် ၁၅ ကြိမ်လုံးသည် ထီဆိုင်၊ မိသားစုကအကြောင်းကြား၍ သိရခြင်းသာဖြစ်သည်။ အခုတော့ ဒီပြဿနာတွေ ပြေလည်ပါပြီ။
Jun 23, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 23, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်း အသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်းပြည်ပသင်တန်းသားများအား ဒီပလိုမာ (ဗုဒ္ဓဓမ္မ) အောင်လက်မှတ်ချီးမြှင့်အပ်နှင်းပွဲနှင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် သင်တန်းသားသစ် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည် ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပပြုလုပ်သည်။
Jun 23, 2023
ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွန်ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈-၁၉ ရက်များတွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
Jun 23, 2023
မြန်မာနိုင်ငံရှိစာသင်တိုက်များမှ စာသင်သားသံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာများပေးလှူရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်ဆရာတော် Ven. Qianze က လှူဒါန်းသည့် အလှူငွေများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ ကျင်းပသည်။
Jun 23, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆီရီဘီဂါဝန်မြို့ရှိ The Empire Hotel & Country Club ၌ ယနေ့ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားနှင့် Digital Future Conference ဖွင့်ပွဲ သို့ တက်ရောက်သည်။
Jun 23, 2023
ဇွန်လ ၁၄ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၌ စာရေးသူ ရေးသားဖော်ပြခဲ့ သည့် “Online အန္တရာယ် သတိပြုဖွယ်” ဆောင်းပါးတွင် ဖော်ပြခဲ့သည့် Application (၃၅) ခုအနက် Mother Fanince Application မှာ တရားဝင်မှတ်ပုံတင် ထားသည့် လိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်ကြောင်း ကုမ္ပဏီက စာရေးသူထံအသိပေး အကြောင်းကြားလာခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း မှတ်ပုံတင်အမှတ် NBFI/ FC (R)-11/08/2016 ၏ မိတ္တူမှန်အား ပေးပို့လာခဲ့ပါသည်။ ထိုသို့သော တရား ဝင်မှတ်ပုံတင် ထားသည့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများလည်း ရှိနေနိုင်ပါသည်။
Jun 23, 2023
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး (၂၀၂၃)ကို ယနေ့ တွင် နေပြည်တော်ကောင်စီနယ် မြေဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း (အငြိမ်းစား) နှင့် ဗဟိုဌာနချုပ်နှင့် နေပြည်တော်မှ ဗဟိုကောင်စီဝင်များ၊ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြသည်။
Jun 23, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး၌ကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်သည်။
Jun 23, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပသည့် (၁၈) ကြိမ်မြောက် တရုတ် - အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China - ASEAN Culture Forum) သို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
Jun 23, 2023
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးလှမိုး၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဟိန္ဒူဘုရားကျောင်းများပြုပြင်ရေး အလှူငွေပေးအပ်ခြင်းနှင့် ဘိုးဘွားရိပ်သာများနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် သင်္ဘောများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jun 23, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမောင်မောင်ရှိမ်းကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
Jun 23, 2023
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အားပေးသည်။
Jun 23, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဇွန် ၁၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jun 23, 2023
မူပိုင်ခွင့်ဟူသည် နိုင်ငံတစ်နိုင်ငံရှိ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးသည်။ မူပိုင်ခွင့်ဆိုသည်မှာ မည်သူသည် ထိုအရာအား အမှန်တကယ်ဖန်တီးသည်ဟု မှန်ကန်စွာအဆုံးအဖြတ်ပေးသည်။ မူပိုင်ခွင့်သည် ဥပဒေတစ်ခုဖြစ်ပြီး ဖန်တီးသူအတွက် ၎င်းဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ဝင်ငွေရရှိမှုလွယ်ကူသည်။ မူပိုင်ခွင့်ရှိမှသာ ဖန်တီးထုတ်လုပ်သူအတွက် အခွင့်အရေးများပိုင်ဆိုင်နိုင်သည်။