Skip to main content

May 10, 2024

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကံသစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေ ၈ ရက်တွင် ဝင်ရောက်စီးနင်းပြီး ပြည်သူနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ၂၀ ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2024

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို ယနေ့နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦးသေဆုံးခဲ့ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးကိုးဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2024

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် တောင်ဥက္ကလာပဒေသာအားကစားကွင်းသို့ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မိမိဝါသနာပါရာ အားကစားကို လေ့လာလိုက်စားရာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်လက်ရွေးစင်များ ထွက်ပေါ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၌ ဖွင့်လှစ်လျက် ရှိသော အာကီဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘောလုံး၊ အလေးမ၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဂျူဒို၊ အေရိုးဗစ် စသည့်အဆင့်မြင့်နွေရာသီအားကစား သင်တန်းများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကာ အားကစားကွင်း/ အားကစားရုံ သန့်ရှင်းသာယာလှပရေးနှင့်စပ်လျဉ်း၍ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ရောက်ရှိပြီး နျူကလီးယားအင်ဂျင်နီယာဌာနရှိ လက်တွေ့ခန်းများတွင် ကျောင်းသားများ သုတေသန ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 10, 2024

အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secre-tariat) ၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီ (ASEAN COSTI) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် “နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲ (ASEAN-China Workshop on Building Up Human Capital in Technology Transfer and Commercialization” ကို မေ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်