ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဆီ ရှေးရှုသည့် BRI ထီးရိပ်အောက်က CMEC
နိုင်ငံတကာဆက်ဆံရေးတွင် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားဖြစ်ထွန်းရန် ရည်မှန်းချက်နှင့် အပြန်အလှန်လေးစားမှုတို့ဖြင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော အခြေခံမူတစ်ခုဖြစ်သည်။ ထိုအချက်များ ပြည့်စုံနေသမျှ သံသယများပျောက်ကွယ်ကာ ယုံကြည်မှုတိုးလာမည်၊ ငြိမ်းချမ်းသာယာမည်၊ ဖွံ့ဖြိုးတိုးတက်လာမည်၊ ဒေသတွင်းတည်ငြိမ်မှုကို အထောက်အကူပြုနေမည်သာဖြစ်သည်။
