နိုင်ငံတော် ရွှေသီးဖို့၊ ဖွံ့ဖြိုးဖို့၊ သာယာဖို့ … ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့်သဘာဝပတ်ဝန်းကျင်ကို ဆက်စပ်စို့
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်မှသာ ဖြစ်နိုင်ပါမည်။ နိုင်ငံတိုးတက်မှုကိုရှာလိုလျှင် ပညာရေးကဏ္ဍကို လုံးဝဖယ်ထား၍မရ။ နိုင်ငံကိုတိုးတက်မှုလမ်းကြောင်းမှ ဖယ်ခွာစေသည့် အတားအဆီးများစွာ၊ ကုန်ထုတ်စွမ်းအားကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုအထဲမှ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်အဆက်အစပ်တစ်ခုကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးခေါင်းစဉ်အောက်မှ ဒုတိယစာမျက်နှာသစ်တစ်ခု၏ Slogan တစ်ခုနှင့်အတူ ပြောင်းလဲဖွင့်လှစ်လာသည်ကို တွေ့မြင်ရသည့်အခါ......။
