Skip to main content

လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ လားရှိုး ဇွန် ၂၂ လူမော် (ပြန်/ဆက်)

လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ လားရှိုး ဇွန် ၂၂ လူမော် (ပြန်/ဆက်)

တောင်ကြီးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများ ဆောင်ရွက်ပေး

တောင်ကြီးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများ ဆောင်ရွက်ပေး တောင်ကြီး ဇွန် ၂၂ ထက်ဝေ(ပြန်/ဆက်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် Community Centre ခန်းမ၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး Talk Show ပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် Community Centre ခန်းမ၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး Talk Show ပြုလုပ် လှိုင်သာယာ ဇွန် ၂၂ မြင့်ဇော်

မြင်ရသည်က ဂိမ်း၊ မမြင်ရသည်က ထောင်ချောက်

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများသည် ယနေ့ခေတ်တွင် “ဖျော်ဖြေရေး” သို့မဟုတ် “ဂိမ်း” အဖြစ် လူအများ၏ လက်ဖဝါးထဲက ဖုန်းမျက်နှာပြင်ပေါ်သို့ တိတ်တဆိတ် ဝင်ရောက်လာနေသည်။ သို့သော် ထိုမျက်နှာပြင်ပေါ်တွင် လူတစ်ယောက်၏ ငွေကြေး၊ စိတ်ဓာတ်နှင့် အနာဂတ်ကို တဖြည်းဖြည်းပျက်စီးသွားစေနိုင်သည့် ထောင်ချောက်တစ်ခုရှိနေသည်ကို လူအများသတိမထားမိကြပေ။

မြန်မာ - တရုတ် ချစ်ကြည်ရင်းနှီးမှု (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိခဲ့သည့် နိုင်ငံတော်သမ္မတကြီး၏ခရီးစဉ်အတွင်း ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့ လင်းကန်အထူးဧရိယာနှင့် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တို့သို့ သွားရောက်ခဲ့သည်။ ဇွန်လ ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့မှ G23 အမြန်ရထားဖြင့် ထွက်ခွာရာ လေဆိပ်ပုံသဏ္ဌာန် တည်ဆောက်ထားသည့် ဟန်ကျိုးဘူတာသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟန်ကျိုးမြို့ Huajia Shanzhuang ဟိုတယ်၌ နိုင်ငံတော်သမ္မတ ခေတ္တတည်းခိုစဉ် ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာဝမ်ဟောက် လာရောက်ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် လက်ဖက်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံ၏ အမျိုးသားလူငယ်မူဝါဒနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများ (၃)

ကျေးလက်စီးပွားရေးစင်တာ (Rural Business Hubs-RBHs) ။ ကျေးလက်စီးပွားရေးစင်တာများ သည် ကျေးလက်လူငယ်များ အဆင့်မြင့်အလုပ်အကိုင်၊ နည်းပညာများရရှိစေရန်၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်စွမ်းတိုးတက်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ လူငယ်များအတွက် ကျွမ်းကျင်မှုမြှင့်တင်ရေးအစီအစဉ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးခြင်း၊ ကိုယ့်အားကိုယ်ကိုးအစီအစဉ်နှင့် ဖွံ့ဖြိုးရေးလေ့ကျင့်မှုအစီအစဉ်များကို ပံ့ပိုးပေးပါသည်။

လူသားတိုင်းအတွက် ကြိုတင်ကာကွယ်မူးယစ်ဆေးဝါးအန္တရာယ် အပိုင်း (၂)

နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါးပြဿနာတွင် လူလုပ်ဆေးဝါးသစ်များ လွယ်ကူစွာ ဝယ်ယူရရှိမှုများသည် ပြဿနာကို ပိုမိုဆိုးရွားလာခြင်း၊ မူးယစ်ဆေးဝါးများကို ဆက်သွယ်ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို အသုံးပြု၍ ပို့ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းနှင့် အဓိကပင်လယ်ရေကြောင်းလမ်းများမှတစ်ဆင့် သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့ရှိရခြင်း၊ နည်းပညာတိုးတက်လာမှုကြောင့် အွန်လိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေးချေမှုများအသုံးပြုလာပြီး အွန်လိုင်းမူးယစ်ဆေးဝါးဈေးကွက်သည်လည်း ကျယ်ပြန့်စွာနေရာယူ ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရှိရခြင်း၊ မူးယစ်ကုန်ကူးသူတို့က ကမ္ဘာ့စီးပွားရေးကျပ်တည်းမှုအခြေအနေများကြောင့် အလုပ်လက်မဲ့ဦးရေ များပြားလာမှုအပေါ် အခွင့်ကောင်းယူပြီး အလွယ်တကူ ဝင်ငွေရလွယ်သော မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုအတွက် သယ်ဆောင်ခပေး၍ အသုံးချလာခြင်း၊ မူးယစ်ဆေးဝါးပျံ့နှံ့နေမှု အကျိုးဆက်အနေဖြင့် အချို့နိုင်ငံများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ မြင့်တက်လာနေသည် ကို တွေ့ရှိရခြင်း၊ UNODC ၏ ၂၀၂၁ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှဒေသရှိ လူလုပ်ဆေးဝါးနှင့်ပတ်သက်သည့် အစီရင်ခံစာအရ မက်သ်အဖက်တမင်း (Methamphetamine) နှင့် အိုက်စ်ဟုခေါ်သော မက်သ်အဖက်တမင်းပုံဆောင်ခဲ (Crystal Methampheta - mine (Ice)) ဖမ်းဆီးရမိမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်နှင့်အညီ ထုတ်လုပ်မှုနှင့် သုံးစွဲသူဦးရေလည်း တိုးမြင့်လာခြင်း၊ လူလုပ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ကျယ်ပြန့်လျက်ရှိခြင်းတို့ကို မူးယစ်ဆေးဝါးပြဿနာများအဖြစ် တွေ့မြင်နေရပါသည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း အသိပညာပေး Talk Show ကျင်းပ

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း အသိပညာပေး Talk Show ကျင်းပ ဒေးဒရဲ ဇွန် ၂၁ အေဇာလင်း
Subscribe to