သာမညဖလ အခါတော်နေ့နှင့် ထိန်းသိမ်းသွားကြရမည့် မြန်မာ့ရိုးရာ ချစ်စရာဓလေ့၊ ပွဲတော်၊ အစဉ်အလာများ
တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလ အခါတော် နေ့ ဖြစ်သလို ဒီနေ့ဒီညမှာတော့ မြန်မာ့ရိုးရာပွဲတော်တွေ ထဲက အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြလေ့ရှိပါတယ်။ ဒါ့အပြင် ထိုနေ့ ထိုညအား ကျီးမနိုးပွဲ ည၊ ဆေးပေါင်းခတဲ့ည လို့လည်း ခေါ်ကြပြီး နိဗ္ဗာန်ဈေးခင်းခြင်း၊ ပံ့သကူပစ်ခြင်းနဲ့ ဆေးဖက်ဝင် ဆေးဝါးတွေကို ဖော်စပ်ခြင်း စတဲ့ မြန်မာ့ ရိုးရာ ချစ်စရာဓလေ့တွေလည်း များပြားစွာရှိတာ လေ့လာ ရပါတယ်။
