တပ်မတော်သည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာပြီး လွတ်လပ်ရေးကြိုးပမ်းမှုအဆင့်ဆင့်မှ သန္ဓေတည်လာခဲ့သည့် တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ တိုင်းပြည်လွတ်လပ်ရေး၊ နိုင်ငံကာကွယ်ရေးတိုက်ပွဲများဆင်နွှဲရင်း ဖြစ်တည်လာခဲ့သည့် သမိုင်းအစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။