Skip to main content

မိတ္ထီလာမြို့အ.ထ.က(၁)တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိ

မိတ္ထီလာမြို့အ.ထ.က(၁)တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိ မိတ္ထီလာ မေ ၁၅ ချမ်းသာ

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Malaysia Youth Creative and Innovative Hub အား စတင်တည်ထောင်စလုပ်ငန်းများနှင့် လူမှုစီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်စေရေးအတွက် ဆန်းသစ်တီထွင်မှုများ၊ စိတ်ကူးပုံဖော်မှုများနှင့်အတူ လူငယ်အားလုံး အကျုံးဝင်ပါဝင်နိုင်စေရေး ရည်ရွယ်ကာ ဒီဇိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ စွန့်ဦးတီထွင်ခြင်းနှင့် လုပ်ငန်းသစ်များ စတင်တည်ထောင်ဖွင့်လှစ်ခြင်း ပြုလုပ်နိုင်ရန် လူငယ်များအား လိုအပ်သည့် ကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ငန်းဆိုင်ရာ အကြံ ဉာဏ်များနှင့် အတွေ့အကြုံများ မျှဝေပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်းတို့ ဆောင်ရွက်ပေးကာ အလုပ်လက်မဲ့ဦးရေ လျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ Malaysia Youth Creative and Innovative Hub တွင်လည်း ဧည့်ခန်းမ၊ ဧည့်ကြိုဆောင်၊ အုပ်ချုပ်စီမံခန်း၊ အစည်းအဝေးခန်း၊ ညီလာခံ/ဆွေးနွေးခန်းမ၊ စာသင်ခန်းမ၊ စာကြည့်တိုက်၊ ထုတ်ကုန်ပြခန်း၊ စံနမူနာပစ္စည်းများပြုလုပ်သည့်ခန်းမ၊ Resource Center ၊ အိပ်ဆောင်၊ ကြံ့ခိုင်မှုလေ့ကျင့်ရေးခန်းမ၊ အဝတ်လဲခန်း၊ ကော်ဖီဆိုင်၊ မီးဖိုချောင်၊ အဝတ်လျှော်ခန်း၊ နားနေခန်းများ ပါဝင်ဖွဲ့စည်းထားပါသည်။

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက် ဒက္ခိဏ မေ ၁၄ ခရိုင်(ပြန်/ဆက်)

ငလျင်ဘေး ကူညီလုပ်အား ရန်ကုန်လျှပ်စစ်လုပ်သားများ

ရန်ကုန်မြို့ရှိ ရုံးခန်းတွင် ကျွန်တော်တာဝန်ထမ်းဆောင်နေစဉ် မတ် ၂၈ ရက်မွန်းလွဲပိုင်းက ရုတ်တရက်ငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီးနောက် လျှပ်စစ်မီးများနှင့် ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။ အဆိုပါ မြေငလျင်ဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားသော ငလျင်ဘေးသင့်ဒေသများရှိ ဓာတ်အားပေးစက်ရုံ၊ ထပ်ဆင့်ဓာတ်အားဖြန့်ဖြူးပေးသည့်ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ အများအပြားပျက်စီးချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ရသည်ဟု သိရှိရသည်။

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေး

ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ရာ လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်နေခြင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် လူငယ်များ ပညာရည်မြင့်မားရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ စိတ်ဓာတ် စည်းကမ်း ကောင်းမွန်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအပါအဝင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်ကာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
Subscribe to