Skip to main content

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) နှင့် မြန်မာနိုင်ငံ၏ အခွင့်အလမ်း

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဘယ်လာရုစ်၊ ကာဇက်စတန်၊ ရုရှားသမ္မတ နိုင်ငံတို့မှ စာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်းစတင်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အာမေး နီးယားနှင့် ကာဂျစ္စတန်တို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union - EAEU) သည် ဥရောပ-အာရှတိုက်ရှိ အဖွဲ့ဝင်နိုင်ငံငါးနိုင်ငံမှ တည်ထောင်ထားသည့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုလည်းဖြစ်ပါသည်။ EAEU ၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှု၊ အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းနိုင်ရန်အတွက် တစ်ခုတည်းသော စျေးကွက်တစ်ခုကို ဖန်တီးရန်ဖြစ်သည်။ ယခုအခါ EAEU သည် လူဦးရေ ၁၈၃ သန်းကျော် စုစုပေါင်း GDP ၂ ဒသမ ၄ အမေရိကန် ထရီလီယံကျော်ရှိပြီး ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့်စီးပွားရေးသမဂ္ဂတစ်ခုအဖြစ် ရပ်တည်လာပါသည်။ EAEU သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်နိုင်ပါသည်။

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပ

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပ မိုင်းယောင်း ဇူလိုင် ၄ ရာဇီ(ပြန်/ဆက်)

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် “မျိုးဂုဏ်မြင့်မား မြန်မာအမျိုးသမီးများ” အသိပညာပေး Talk Show ကျင်းပ

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် “မျိုးဂုဏ်မြင့်မား မြန်မာအမျိုးသမီးများ” အသိပညာပေး Talk Show ကျင်းပ ဂန့်ဂေါ ဇူလိုင် ၄ မျိုးမင်းသန်း
Subscribe to