နေပြည်တော် ဒီဇင်ဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် 50 TV Media Pte,Ltd တို့ ပူးပေါင်းတင်ဆက်မည့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ဖျော်ဖြေပွဲ (New Year Countdown Music Concert) အစီအစဉ်ကို ဒီဇင်ဘာ ၃၁ ရက် ကြာသပတေးနေ့ မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီသတင်း အစီအစဉ် အပြီးတွင် အထူးအစီအစဉ်အဖြစ် Emperor တေးဂီတအဖွဲ့နှင့် MERCURY IX, DJ Wine တေးဂီတအဖွဲ့တို့၏ တီးခတ်မှုဖြင့် နိုင်ငံကျော် တေးသံရှင် များဖြစ်ကြသည့် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ အောင်ထက်၊ ဝိုင်းစုခိုင်သိန်း၊ ဝေလနှင့် MERCURY IX၊ အောင်လ + REASON ဧည့်သည်တော် တေးသံရှင်များက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ 50 TV Live Studio မှ စင်တင် တေးဂီတနှင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်ပါသည်။
အဆိုပါ ဖျော်ဖြေတင်ဆက်မှုကို မြန်မာ့ရုပ်မြင်သံကြား၊ MRTV Facebook Page နှင့်အတူ 50 TV Live Mobile Application တို့မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်