နေပြည်တော် ဒီဇင်ဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မစ္စတာ ဆာလေ မိုဟာမက် အာမက် အယ်လ်စုခရိ အား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိုမန်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်း ၊ ခံရသော သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အိုမန်နိုင်ငံအစိုးရ၏ အဆိုပြုချက် ကို သဘောတူပြီးဖြစ်သည်။
မစ္စတာဘောလေ မိုဟာမက် အာမက် အယ်လ်စုခရိကို ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်ဂျော်ဒန်နိုင်ငံ၊ယားမောက်တက္ကသိုလ်မှ သမိုင်းနှင့် နိုင်ငံရေး သိပ္ပံဘာသာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် တန်ဇနီးယားနိုင်ငံဆိုင်ရာ အိုမန်ကောင်စစ်ဝန်ချုပ်ရုံးတွင် ဒုတိယကောင်စစ် ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အိုမန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ပင်လယ်ကွေ့ နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးရုံးအဖွဲ့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဆော်ဒီ အာရေဗျ နိုင်ငံ၊ အိုမန်သံရုံးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ် တွင် ဒုတိယသံရုံးအကြီး အကဲအဖြစ်ခန့်အပ်ခြင်းခံရသည်။ ၂၀၀၉ ခုနှစ်တွင် အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်း
ဆောင်ရွက်ရေးဦးစီးဌာန၊ အာရပ်နိုင်ငံများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးဌာန၏ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၂၀၁၀ ပြည့်နှစ် တွင် စီးပွားရေးအသိုက်အဝန်းများနှင့် ဆွေးနွေးဖက်အုပ်စုများဦးစီးဌာန၏ ဒုတိယအကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကင်ညာ နိုင်ငံဆိုင်ရာ အိုမန်သံရုံးတွင် သံရုံးတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း ၊ ခံရသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်တွင် ဗီယက်နမ်နိုင်ငံဆိုင်ရာ အိုမန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။
မစ္စတာ ဆာလေ မိုဟာမက် အာမက် အယ်လ်စုခရိ သည် အာရပ် ဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ဆွာဟိလိဘာသာစကားများကို တတ်ကျွမ်း ပြီး အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သား (၅) ဦးနှင့် သမီး (၁) ဦး ရှိသည်။
(သတင်းစဉ်)