ပင်းတယ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကိုယ်ဝန် ဆောင် မိခင်များနှင့် ၎င်းတို့မှမွေး ဖွားလာသော အသက် ( ၂ ) နှစ်အောက် ကလေးငယ် များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် ( MCCT ) ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့ မဲနယ်တောင် ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးထွေး မှ ကျေးရွာအရောက် အသိပညာပေးဟောပြောပွဲလာရောက်ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ လူမှု လူထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုထားဝေက ကိုယ်ဝန်ဆောင် မိခင် များနှင့် ၎င်းတို့မှ မွေးဖွား လာသည့် အသက် ( ၂ ) နှစ်အောက်ကလေးငယ် များအား ငွေကြေး ထောက်ပံ့ခြင်း ကိုဆွေးနွေးပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာသိန်းက သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့ပါက ရှောင်ရန်/ဆောင်ရန်နှင့် မိမိဌာနက ကူညီဆောင်ရွက် မှုများကို COVID-19 ထိန်းချုပ် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ပင်းတယ ( ပြန်/ဆက်)