Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၃၃/၁၁ကေဗွီ ၅ အမ်ဘီအေ၊ ညောင်လန်းကုန်း ဓာတ်အားခွဲရုံ တက်ရောက်ဖွင့်လှစ်ပေး

သုံးခွ ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့သည် ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ညောင်လန်းကုန်းကျေးရွာတွင် ၃၃/၁၁ကေဗွီ  ၅ အမ်ဘီအေ၊ ညောင်လန်းကုန်းဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားခွဲရုံ ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာ စကား ပြောကြားရာတွင် AMI မီတာနည်းပညာအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့‌ ကြောင်း သိရသည်။

ယင်းဓာတ်အားခွဲရုံအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းမှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် ၃၃/၁၁ကေဗွီ  ၅ အမ်ဘီအေ၊ ညောင်လန်းကုန်းဓာတ်အားခွဲ ရုံအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်စက်မှု လက်မှုနှင့်လမ်းပမ်းဆက်သွယ်‌ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်တိုင်းလွှတ်တော် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့က ကဗ္ပည်း မော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့‌ပြီး  ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။    

စည်သူလင်း