ရန်ကုန် ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကူး တရားအလှူတော် ဓမ္မ သဘင်အား ၁၃၈၂ ခုနှစ် နတ်တော် လပြည့်ကျော် ၃ ရက်မှ ၉ ရက်အထိ (၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက် အထိ) ခုနစ်ရက်တိုင်တိုင် အွန်လိုင်း စနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။
အဆိုပါ အွန်လိုင်းတရားပွဲကြီး၌ ဆရာတော်ကြီး ခုနစ်ပါးက တရား ရေအေးအမြိုက်ဆေး တိုက်ကျွေးမည် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် နှစ်သစ်ကူး တရားအလှူတော်ဓမ္မသဘင် ဖြစ် မြောက်ရေးကော်မတီမှ သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဘိဓဇ မဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသကလည်းကောင်း၊ ဇန်န ဝါရီ ၂ ရက်တွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရကလည်း ကောင်း၊ ဇန်နဝါရီ ၃ ရက်တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသက လည်း ကောင်း၊ ဇန်နဝါရီ ၄ ရက်တွင် ယော ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသက လည်းကောင်း၊ ဇန်နဝါရီ ၅ ရက်တွင် ဓမ္မဘေရီ ဘဒ္ဒန္တဝီရိယ ကလည်းကောင်း၊ ဇန်နဝါရီ ၆ ရက်တွင် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ကလည်း ကောင်း၊ ဇန်နဝါရီ ၇ ရက်တွင် ဆရာ တော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)တို့ကလည်းကောင်း ဟောကြားပေး သွားမည်ဖြစ်ရာ ဆရာတော်ကြီးများ၏ နေ့အလိုက် ဟောကြားမှုအစီအစဉ် အား ရုပ်/သံလိုင်းများဖြစ်သော MRTV4 (မဟာဗောဓိ) Channel၊ SkyNet Buddha Channel နှင့် Fortune TV တို့မှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ကာ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ကာလဒါန မဟာအလှူတော် ကြီးအတွက် လှူဒါန်းလိုပါက ဘဏ် အကောင့် (သို့မဟုတ်) KBZ Pay, AYA pay, Wave Pay တို့မှတစ်ဆင့် လှူဒါန်းနိုင်ကြောင်းသိရသည်။ KBZ Bank-22530200500230601 ၊ AYA Bank -0053222010004579 နှင့် SHWE Bank-130100200200 79200015 တို့သို့လည်းကောင်း၊ ဦးစိုးနိုင် K pay - 09785001238၊ ဦးတိုးဝေဝင်း Wave - 09799684228 နှင့် ဦးစံမင်း AYA pay - 09963073777 တို့မှတစ်ဆင့် လည်းကောင်း လှူဒါန်း နိုင်ကြောင်း ၂၀၂၁ ခုနှစ် နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် ဖြစ်မြောက်ရေး ကော်မတီမှ သိရ သည်။
အဆိုပါ၂၀၂၁ခုနှစ် နှစ်သစ်ကူး တရားအလှူတော်ဓမ္မသဘင် ကျင်းပ ရန်အတွက် အကြိုညှိနှိုင်းအစည်း အဝေးကို Zoom Meeting ဖြင့် ဒီဇင်ဘာ ၁၂ ရက်ကလည်းကောင်း၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကို Zoom Meeting ဖြင့် ဒီဇင်ဘာ ၁၅ ရက်ကလည်းကောင်း ပြုလုပ်ခဲ့ရာ နှစ်သစ်ကူးတရားအလှူတော် ဓမ္မ သဘင်ကျင်းပရေးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် ဖြစ်မြောက်ရေးကော်မတီမှ တာဝန် ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပွင့်သစ္စာ