Skip to main content

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “Breaking the Culture of Corruption’’ ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၅

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေး အတွက် ပြည်သူ လူထု၏ ဆောင်ရွက်နိုင်မှုများကို အများပြည်သူသို့ အသိပညာပေးရန် နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်၍ “Breaking the Culture of Corruption” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမေရိကန်သံရုံး မှ ဦးအောင်ပြည့်အောင်က Moderator အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်၊ ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှု အဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်း နှင့် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာနမှ စီမံကိန်း နှင့် ဆက်သွယ် ရေးအရာရှိ ဒေါ်ဖြူဖြူဇင်တို့က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်း ကဏ္ဍနှင့် သတင်း မီဒီယာကဏ္ဍများမှ မည်သို့ပါဝင် ဆောင်ရွက် လျက်ရှိကြောင်း ပါဝင် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က အဂတိ လိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်၏ အကြောင်း၊ တာဝန်နှင့် လုပ်ဆောင်ချက်များ၊ အဖြစ်များသော အဂတိ လိုက်စားမှု များနှင့် ထိုအမှုများ လျော့ ကျရေး အတွက် ကော်မရှင်၏ တားဆီးကာကွယ်ရေး၊ အသိပညာပေး ရေးဆိုင်ရာ ကြိုးစားအားထုတ်မှုများ၊ ကော်မရှင်၏ ရှေ့အနာ ဂတ်တွင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်