နေပြည်တော် ဒီဇင်ဘာ ၁၅
(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က အခမ်းအနားကျင်းပသွားမည့် လုပ်ငန်စဉ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူး(အင်ဂျင်နီယာ) ဦးတင်အောင်ငွေနှင့် တက်ရောက် လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေ များကို တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်၊ပြန်/ဆက်)