ရန်ကုန် ဒီဇင်ဘာ ၁၄
အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ်(၁၁၇)ကို Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး (ဝဲအောက်ပုံ)ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာရေးဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အနေဖြင့် ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်အတွင်း ဒုတိယအကြိမ် Online Learning System ဖြင့် သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ICT နည်းပညာများကို အသုံးပြု၍ နိုင်ငံ့ဝန်ထမ်း အရာထမ်းငယ်များကို ပို့ချပေးခြင်းဖြစ်သည်။ အဆိုပါ သင်တန်းသို့ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်း ၂၈ ခုမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား သင်တန်းသူ ၁၁၉ ဦး အား တန်းခွဲ နှစ်ခုခွဲကာ သင်တန်းကာလရက်သတ္တ လေးပတ်ကြာ သင်တန်းပို့ချမည်ဖြစ်သည်။
သတင်းစဉ်