Skip to main content

သံတောင်ကြီးမြို့နယ်တွင် နယ်စပ်ဒေသရှိ အခြေခံပညာကျောင်း(၄) ကျောင်းအား Computer ၊ Printer နှင့် မီးစက် ထောက်ပံ့ ပေးအပ်

သံတောင်ကြီး ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန မှ သံတောင်ကြီးမြို့နယ် အတွင်းရှိ နယ်စပ်ဒေသများမှ ကျောင်း(၄)ကျောင်းအား Computer ၊ Printer နှင့် မီးစက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည်(၁၂)နာရီအချိန်က သံတောင်မြို့ ပသိခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ထောက်ပံ့ပစ္စည်းများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် နှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင် တို့ကပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့သည်။

 နယ်စပ်ရေးရာဝန်ကြီးဌာနမှ Dell ကွန်ပျူတာ(UPS, System Unit , Key Board , Mouse , Monitor )၊ Epson ကာလာပရင်တာ ၊ OKAYAMA မီးစက် 5KVA ၊ မီးပလပ်စုံ ၊ အင်ဂျင်ဝိုင်ဘူး စသည့်ပစ္စည်း (၉)မျိုး (တစ်စုံ)ကိုသံတောင်ကြီးမြို့နယ်အတွင်းရှိ အထကသပြေညွန့် ၊ အမက ကျေးကတော့(ရွာမ) ၊အမက ကျေးကတော့(အထက်) ၊ အထက(ကျေးကတော့)ကျောင်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)