Skip to main content

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အတွက် “မိုင်းလား” အထူးဒေသ(၄) မှ ငြိမ်းချမ်းရေးကော်မရှင်သို့ ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၀

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိုင်းလားအထူးဒေသ() မှ ငြိမ်းချမ်းရေးကော်မရှင်သို့ လှူဒါန်းငွေကျပ်သိန်း ၁၀၀၀ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ ခွဲက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပသည်။

အခမ်းအနားတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက  ယနေ့ အချိန်တွင် အားလုံးသိကြသည့်အတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအား မိမိတို့ တိုင်းပြည်တစ်ခုတည်းတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ကာကွယ်၊ ကုသ၊ တွန်းလှန်မှုများ ဆောင်ရွက်နေရသည့်အချိန်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင်  ဖြစ်ပွားမှု တတိယအဆင့် ရောက်နေပြီဖြစ်၍ အဆိုပါ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ကုသရာတွင် နိုင်ငံသားတိုင်း တာဝန်ယူဆက်လက် ထိန်းချုပ် ကုသနေရသည့် ကာလ ဖြစ်ပါကြောင်း၊  ယခုကဲ့သို့ မိုင်းလား အထူးဒေသ(ဥက္ကဋ္ဌ ဦးစိုင်းလင်းက မိမိတို့၏ ငြိမ်းချမ်းရေးကော်မရှင်သို့  အလှူငွေလာရောက် ပေးအပ်ခြင်းသည်  လိုအပ်နေသည့် အချိန်တွင် လိုအပ်သည့်အကူအညီကိုရရှိခြင်းပင် ဖြစ်ပါကြောင်း၊  မိမိတို့ ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါအား တွန်းလှန်ရန် ကူညီဆောင်ရွက် ပေးနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ဆောင်နေခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်ပါကြောင်းပြောကြားသည်။

ထို့နောက်မိုင်းလားအထူးဒေသ() ကိုယ်စားလှယ် ဦးကျော်ကျော်အောင်က  ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန်အတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၀၀၀) ကိုပေးအပ်လှူဒါန်းရာ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍မိုင်းလားအထူးဒေသ() ကိုယ်စားလှယ် ဦးကျော်ကျော်အောင်က  အလှူ ငွေပေးအပ်လှူ ဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး  ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအ ဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်း မြင့် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် ၂၀၂ဝပြည့်နှစ် ဇူလိုင်လမှယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးတွင် အသုံးပြုရန်အတွက် ကရင်ပြည်နယ် (မြဝတီဆေးရုံ)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ICU) ဌာန၊ နေပြည်တော် ပြည်သူဆေးရုံကြီး(ခုတင်-၁၀၀၀) ၊ ရန်ကုန်မြို့အတွင်းရှိ ကိုဗစ်-၁၉ အရေးပေါ်လူမှုကယ်ဆယ်ရေး လူနာတင်စခန်း (၁၈) ခုမှ Volunteer အဖွဲ့များ၊ ရန်ကုန် တိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် Quarantine Center များ၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်) ၊ သူနာပြုတက္ကသိုလ် ရန်ကုန်ရှိ ကိုဗစ်-၁၉ သံသယလူနာများ စောင့်ကြည်ဌာန (YGH PUI Extension)၊ တပ်မတော်အရိုး ရောဂါကုဆေးရုံကြီး၊ သန်လျင်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ၊ ရန်ကုန်)၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အမှတ်() တပ်မတော် ဆေးရုံ ကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၊ အမှတ်() တပ်မတော်ဆေးရုံ ခုတင်(၅၀၀တို့သို့ PPE Level-2 Surgical gowns ဝတ်စုံစုစုပေါင်း (၁၉၃၂၀) ထည်၊ Surgical Mask (နှာခေါင်း စည်း) စုစုပေါင်း (၁၀၉၅၀၀) Powered Air-Purifying Respirator (၃၆) စုံနှင့် ဆက်စပ် ပစ္စည်းများအပြင် ငွေသားကျပ်သိန်းပေါင်း (၁၆၂၀) တို့ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီဆေးရုံကြီး (ရန်ကုန်) ၊ မြောက်ဥက္က လာပအထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံကြီး၊ ဝေဘာဂီ အထူးကု ဆေးရုံကြီး၊ မူဆလင် ကုသိုလ်ဖြစ်ဆေးရုံ ၊ အမှတ်()တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀၊ တပ်မတော်အရိုးရောဂါကုဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) များသို့  PPE Level-2 Surgical gowns Surgical Mask (နှာခေါင်းစည်း) N-95 Mask နှင့် လိုအပ်သည့် အခြားဆက်စပ်ပစ္စည်းများကို ဆက်လက်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။ 

  သတင်း..ရဲခေါင်ညွန့်၊  ဓာတ်ပုံ..ဖိုးထောင်