Skip to main content

လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေး

လေးမျက်နှာ  ဩဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင် ၂၅/၃ ၌ တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်‌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ယမန်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စု(၁၀)ခုတွင် အိမ်ခြေ (၁၇၃၄)အိမ်၊ အိမ် ထောင်စု(၁၇၆၄)၊ လူဦးရေ ကျား/မစုစုပေါင်း (၈၃၈၂)ဦး ရေဘေးသင့်ခဲ့ကြောင်းနှင့်ကျေးရွာအုပ်စု(၆) အုပ်စုတွင် တောင်သူပေါင်း (၂၅၉၃)ဦး ၏ မိုးစပါးစိုက်ဧက(၆၃၇၁)ဧက ရေနစ်မြုပ်လျက်ရှိကြောင်းသိရသည်။

ထိုပြင် ရေးဘေးသင့် နွားအကောင်ရေ(၂၄၆) ကောင်၊ ဝက်(၃၆၉)ကောင်နှင့်ဆိတ်အကောင်ရေ(၁၂၀)တို့အား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစာအိတ်နုများဖြန့်‌ဝေပေးပြီး ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရေဝင်ဧရိယာများ၌ကျန်ရှိနေသော ရေဘေးသင့်ပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကို ရေဘေးလွတ်ရာ နီးစပ်ရာကယ်ဆယ်ရေးစခန်းများသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီရွှေ့ ပြောင်းပေးလျက်ရှိပြီး စေတနာရှင် ပြည်သူများမှလည်း စားသောက်ကုန်များကို လာရောက်လှူဒါန်းပေးလျက်ရှိရာ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)