Skip to main content

ဟိုပုံးမြို့နယ်ရှိ လူဦးရေ ၉၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်တို့ကို အကျိုးပြုနိုင်မည့် ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်

နေပြည်တော် ဩဂုတ် ၁

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျေးရွာငါးရွာရှိ အိမ်ခြေ ၁၈၆ အိမ်၊ လူဦးရေ ၉၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်တို့ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် အောင်ပွဲ-ကုန်းတလေး-တဖူးကိုင်း-လွယ်တဝိုင်း-ဟိုနမ့်ကျေးရွာချင်းဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုသည်။

ထို့ပြင် ဟိုပုံးမြို့ရှိ Green Gold ကော်ဖီသမဝါယမအသင်း၏ ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချနေမှု၊ Coffeeneo စက်ရုံ၏ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်တို့ကို ကြည့်ရှုအားပေးသည်။

အဆိုပါခရီးစဉ်အတွင်း ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းအပြင် သမဝါယမဦးစီးဌာန သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်