ရန်ကုန် ဇူလိုင် ၁၃
အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီးလှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ကနောင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က အဖွင့်အမှာစကားပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အုပ်စုသုံးစုဖွဲ့၍ အစုအဖွဲ့လိုက် ဆွေးနွေးခြင်းများပြုလုပ်၍ အစုအဖွဲ့လိုက် ဆွေးနွေးတွေ့ရှိချက်များအပေါ် အပြန်အလှန်တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေကြသော အာမခံအလုပ်သမားလူနာများ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းအားပေးကာ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား ဆေးရုံကြီး၏အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
