Skip to main content

နီပေါ-မြန်မာ ဒီဂျစ်တယ်ကူးပြောင်းမှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

နီပေါ-မြန်မာ ဒီဂျစ်တယ်ကူးပြောင်းမှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင် ရွက်ရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးခတ္တာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ယနေ့အခမ်းအနားတွင် ပြည်သူ့ဘဏ္ဍာစစ်ဆေးရေး စီမံခန့်ခွဲမှုစနစ် (Public Audit Management System)နှင့် စပ်လျဉ်းပြီး နီပေါနိုင်ငံ စာရင်းစစ်ချုပ်ရုံး၏ လက်တွေ့အသုံးပြု ဆောင်ရွက်နေမှုများကို မျှဝေသွားမည်ဟု သိရပါကြောင်း၊ မိမိတို့ရုံးအနေဖြင့်လည်း နည်းပညာအသုံးပြု၍ စာရင်းစစ်လုပ်ငန်းများတွင် အသုံးချနိုင်မည့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နီပေါနိုင်ငံစာရင်းစစ်ချုပ်၏ နီပေါနိုင်ငံစာရင်း စစ်ချုပ်ရုံးတွင် Public Audit Management System အသုံးပြု ၍ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ Video Message ကို ဖွင့်လှစ်ပြသပြီး မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးက နှုတ် ခွန်းဆက် အမှာစကားပြောကြား သည်။

ယင်းနောက် နီပေါနိုင်ငံ ICT ကျွမ်းကျင်ပညာရှင်မှ Public Audit Management System နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းစစ်ဆေးမှု အကောင်အထည်ဖော်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်