Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာငုယင်အန်းဒပ်အား ခန့်အပ်ရန် သဘောတူညီပြီးဖြစ်

နေပြည်တော် ဇူလိုင် ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာလီကွတ်ဝ်သွမ်၏နေရာတွင် မစ္စတာ ငုယင်အန်းဒပ်အားခန့်အပ်ရန် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။

မစ္စတာငုယင်အန်းဒပ်ကို ၁၉၇၇ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ဗီယက်နမ်သံတမန် သင်တန်းကျောင်းမှ ဝိဇ္ဇာဘွဲ့(နိုင်ငံတကာဆက်ဆံရေး)နှင့် ဗြိတိန်နိုင်ငံမှ မဟာဝိဇ္ဇာဘွဲ့ (နိုင်ငံတကာဆက်ဆံရေး)တို့ကို ရရှိခဲ့သည်။

မစ္စတာငုယင်အန်းဒပ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဗီယက်နမ်နိုင်ငံ ပြည်ပဆက်ဆံရေး ဗဟိုကော်မရှင်တွင် ရာထူးအဆင့်ဆင့်ဖြင့် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မလေးရှားနိုင်ငံ ဗီယက်နမ်သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပြည်ပဆက်ဆံရေး ဗဟိုကော်မရှင်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၂၅ ခုနှစ် မတ်လမှ လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အလယ်ပိုင်းနှင့် အာဖရိကဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ ငုယင်အန်းဒပ်သည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်သည်။

သတင်းစဉ်