ပူတာအို ဇွန် ၂၇
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ် ဖြင့်ပေးပို့လာသော ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများကို မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို ပြည်ထောင်စုကားလမ်းမကြီးအတိုင်း တင်ဆောင်လာသည့် မော်တော်ယာဉ်သုံးစီးသည် ယမန်နေ့ ညနေပိုင်းက ပူတာအိုမြို့သို့ ရောက်ရှိလာသည်။
ရောက်ရှိလာသော ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများအား သိုလှောင်ရုံတွင် စနစ်တကျ ထိန်းသိမ်းထားနိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာန ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများက သိုလှောင်ရုံသို့ စနစ်တကျ သယ်ယူပို့ဆောင်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
