Skip to main content

ရန်ကုန်-မန္တလေးအမြန်လမ်းရှိ သစ်တောစိုက်ခင်းများနှင့် ပျိုးဥယျာဉ်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပဲခူး ဇွန် ၂၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ယနေ့တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၄၆/၀) မိုင် ဝါးကတုတ်ပျိုးဥယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ဖြန့်ဝေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ထို့နောက် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်ရှိ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအတွင်း စိုက်ပျိုးထားသော တစ်အုပ်တစ်မ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ သေပင်ဖာထေးခြင်းလုပ်ငန်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန်၊ ရာသီအလိုက် ဆောင်ရွက်ရမည့် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်၊ ကျေးရွာချင်းဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်းများ၏ လမ်းဘေးဝဲ/ ယာ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်