Skip to main content

သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၂၄

သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကဏ္ဍနှင့်ပုဂ္ဂလိကကဏ္ဍ ဟန်ချက်ညီရန်အရေးကြီးကြောင်း၊ ထို့အတူ ပုဂ္ဂလိကအခန်းကဏ္ဍ ပိုမိုအားကောင်းလာရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားပေးကူညီခြင်း၊ ခေတ်စနစ်နှင့်အညီ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ထို့နောက် အလုံမြို့မအမြဲတမ်းပျိုးဥယျာဉ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်