နေပြည်တော် မတ် ၃
၂၀၂၆ ခုနှစ် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ အရာရှိ၊ အရာခံ၊ အကြပ်အဆင့် စစ်သည်တော်ကျင့်ဝတ်ရေးဖြေနှင့် တပ်သားအဆင့် ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြ သည်။
ဝင်ရောက်ဖြေဆို
အဆိုပါ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိအဆင့် ၁၅ ဦး၊ အရာခံအဆင့် ၁၅ ဦး၊ အကြပ်အဆင့် ၁၅ ဦး၊ အကြပ်/တပ်သားအဆင့် နှုတ်ဖြေ ၁၅ ဦး၊ တပ်သားအဆင့် ၁၅ ဦး စုစုပေါင်း ၇၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
