Skip to main content

ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်သူများ ဆန္ဒမဲပေးနေမှုအား ကြည့်ရူအားပေး

ဇလွန် ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ  ၂၅ ရက်‌တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပရာ ပြည်သူများလာရောက် မဲပေးနေမှုကို ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေသည်။

တိုင်းဒေသကြီးဝန်ကြီးက ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အတွင်းအပြင်လုံခြုံရေး ဆောင်ရွက်ထားမှု၊ မဲစာရင်း ကြေညာထားရှိမှုနှင့် မီးဘေးလုံခြုံရေး စီမံထားရှိမှုတို့အား စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဇလွန်မြို့နယ်တွင် နိုင်ငံရေးပါတီ (၅)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် ရခိုင်တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)