Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံ အကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော် ဇန်နဝါရီ ၅

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေတို့ထံ  ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။