Skip to main content

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့်သံတမန်များ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲမဲပေးမှုလုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာ

နေပြည်တော် ဒီဇင်ဘာ ၂၈

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပထမပိုင်းတွင် အများပြည်သူများ စနစ်တကျနှင့်လွတ်လပ်စွာဆန္ဒမဲပေးနေမှုများကို ကြည့်ရှုလေ့လာရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်များနှင့်သံတမန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း ၁၃၉ ဦး တက်ရောက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။