Skip to main content

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

နေပြည်တော် ဒီဇင်ဘာ ၂၂

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အမှတ်(၈)ရပ်ကွက်နေ ဒေါ်မြင့်မြင့်မော်(ခ) မော်လေး(၄၇)နှစ်သည် ၎င်းအသုံးပြုသည့် Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြင့်မြင့်မော်(ခ)မော်လေးအား ဒီဇင်ဘာ ၁၉ ရက်တွင် မအူပင်မြို့မရဲစခန်း (ပ)၂၃၇/၂ဝ၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။

အလားတူ နိုဝင်ဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာနေ ဒေါ်နှင်းနုနုလှိုင်သည် ၎င်းအသုံးပြုသည့် “Nu Hlaing” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားသည်ကိုစိစစ်တွေ့ရှိရသဖြင့် နှင်းနုနုလှိုင်အား ဒီဇင်ဘာ ၁၈ ရက်တွင် ရပ်စောက်မြို့မရဲစခန်း (ပ)၁၁၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၁ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက်နေ ဦးမြင့်ဝင်း (၅၀)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Myint Win" Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန်ရေးသားထားသည့်စာသားများအား ရေးသားလွှင့်တင်ခြင်း၊ ပြန်လည်မျှဝေခြင်းများ ပြုလုပ်ထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြင့်ဝင်းအား ဒီဇင်ဘာ ၁၇ ရက်တွင် တောင်ကြီးနယ်မြေရဲစခန်း (ပ)၁၈၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးမြို့ အမှတ်(၃)ရပ်ကွက်နေ ဒေါ်သင်းသင်းဖြူ(၃၄)နှစ်သည် ၎င်းအသုံးပြုသည့် "Phyu” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် သင်းသင်းဖြူအား ဒီဇင်ဘာ ၁၇ ရက်တွင် ဟဲဟိုးနယ်မြေရဲစခန်း (ပ)၇၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး ဆွာမြို့ အမှတ်(၅)ရပ်ကွက်နေ ဦးအောင်ဇော်မျိုးထက်(ခ) ဖိုးလပြည့်(ခ) ဖိုးထက်(၃၅)နှစ်သည် ၎င်းအသုံးပြုသည့် "Phoe Htet” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန်ရေးသားထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားကြောင်း စိစစ်တွေ့ရှိရသဖြင့် အောင်ဇော်မျိုးထက်(ခ)ဖိုးလပြည့်(ခ)ဖိုးထက်အား ဒီဇင်ဘာ ၁၉ ရက်တွင် ဆွာနယ်မြေရဲစခန်း (ပ)၅၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုဒ်မ၂၃(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အောင်ဇေယျုံရပ်ကွက်နေ မမေသူကျော် (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် "May Thu Kyaw" Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မေသူကျော်အား ဒီဇင်ဘာ ၁၉ ရက်တွင် မုံရွာမြို့မရဲစခန်း (ပ)၂၃၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီ မိနစ် ၂၀ တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းကမ္ဘောဇဘဏ်ရှေ့၌ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသားတစ်ဦးမှ ဆုတ်ဖြဲဖျက်ဆီးခဲ့ကြောင်းသိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးသွားသူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၅)ရပ်ကွက်နေ ဝေလင်းနိုင်(ခ)ဝေလင်း(၂၅)နှစ်အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအားပိတောက်ချောင်းနယ်မြေရဲစခန်း(ပ)၇၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်နေ အောင်ကျော်ဟိန်း (၃၁)နှစ်သည် ၎င်းအသုံးပြုသည့် "Aung Kyaw Hein" Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန်ရေးသားထားသည့်စာသားများ ရေးသားဖြန့်ဝေခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အောင်ကျော်ဟိန်းအား ဒီဇင်ဘာ ၁၇ ရက်တွင် ဟောင်လိတ်နယ်မြေရဲစခန်း(ပ)၂၁၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၄)နေ အာမတ်ခန့်(၅၀)နှစ်သည် ၎င်းအသုံးပြုသည့် “တစ်ချိန်ကမေမြို့သားကြီး(အကောင့်ကျအာမတ်" Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများ ရေးသားဖြန့်ဝေခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အာမတ်ခန့်အား ဒီဇင်ဘာ ၁၇ ရက်တွင် ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၂၆၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့၊ ရပ်ကွက်(၆) အေးသာယာ-စက်မှုဇုန်သွားလမ်းနှင့် စစ်ကိုင်းလမ်းဆုံ၌ ပြည်ခိုင်ဖြိုးပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ်စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသားတစ်ဦးမှ ဖျက်ဆီးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်းဘုတ်အား အေးသာယာမြို့ ရပ်ကွက်(၉)နေ သီဟစိုး(ခ) အလီ(၃၅)နှစ်မှ ဖျက်ဆီးနေသည်ကို တွေ့ရှိရသဖြင့်ဖမ်းဆီးကာ ၎င်းအား ဒီဇင်ဘာ ၁၇ ရက်တွင် အေးသာယာနယ်မြေရဲစခန်း(ပ)၁၅၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၁၉ ရက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်နေ စည်သူမင်း(၄၁)နှစ်သည် ၎င်းအသုံးပြုသည့် “Si Thu Min" Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများရေးသားဖြန့်ဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် စည်သူမင်းအား ဒီဇင်ဘာ ၁၉ ရက်တွင် ပျဉ်းမနားမြို့မရဲစခန်း(ပ)၂၈၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီးခဲ့ပြီး တရားခံများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။