ရန်ကုန် ဒီဇင်ဘာ ၁၆
သက်ကြီးသတင်းစာ ပညာရှင်ကြီးများအတွက် ပထမအကြိမ်ထောက်ပံ့ကူညီမှုများကို ယခုနှစ်ဇန်နဝါရီလက ပြုလုပ်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ် ထောက်ပံ့ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးတွင် ယနေ့ပြုလုပ်ရာ စွယ်စုံမီဒီယာဂရု(ပ်)မှ ဒေါက်တာတင်ထွန်းဦးနှင့် ဇနီးဒေါက်တာခင်မိုးမိုးတို့က အလှူငွေကျပ် ၁၁ သိန်းကို သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီခေါင်းဆောင် ဦးခင်မောင်ကျော်ဒင်အား ပေးအပ်လှူဒါန်းသည်။
ဆက်သွယ်လှူဒါန်းနိုင်
သက်ကြီးသတင်းစာ ပညာရှင်ကြီးများအား ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပွဲအတွက် ပါဝင်လှူဒါန်းလိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက် ဗိုလ်တထောင်မြို့နယ် ရန်ကုန် မြို့ ဖုန်း ၀၉-၄၂၉၂၅၈၇၁၉၊ ၀၉-၄၄၈၀၂၆၃၂၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
