Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလ အတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ဘားအံ နိုဝင်ဘာ ၁၂

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ် စီကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က စတင်ကာ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပအိုဝ့်တိုင်းရင်းသား လူမျိုးရေးဝန်ကြီးဦးခွန်မျိုးတင့်လိုက်ပါကာ ဘားအံမြို့နယ်တော်ပုံကျေးရွာအုပ်စု ဇွဲကပင်တောင်ခြေရှိ အင်းကြင်ဖိုး ဘုန်းတော်ကြီးကျောင်းတွင် တော်ပုံကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၁၂)စုအား တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းစီကိုလည်းကောင်း၊ ရဲသာကျေးရွာအုပ်စု ဉသျှစ်ကုန်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ရဲသာကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၂၉) စုအတွက် အိမ်ထောင်စု တစ်စုလျှင်(၂၀၀၀၀)ကျပ်စီကိုလည်းကောင်း၊ အမှတ်()ရပ်ကွက်ရုံးတွင် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၃၈၃)စုအတွက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ် စီကိုလည်းကောင်း၊ ကိုဗစ်-၁၉ကာလထောက်ပံ့ငွေများ ပေးအပ်ပေးခဲ့ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)