Skip to main content

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၂

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် The Great Merger  Co.,  Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AVATR 12A  (ULTRA) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ UV Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HONGQI EHS7 အမျိုး အစား လျှပ်စစ်သုံးမော်တော်ယာဉ် များနှင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor B10 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်