နေပြည်တော် နိုဝင်ဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဖွင့်လှစ်သည့် “Satellite- based Broadcast Technology ” သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Conference ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်၊ ညွှန်ကြားရေးမှူးများ၊ အင်ဂျင်နီယာချုပ်နှင့် Thaicom Public Company Limited မှ သင်တန်းနည်းပြနှစ်ဦး၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းတွင် Thaicom Public Company Limited မှ satellite အင်ဂျင်နီယာများက satellite အသုံးပြုရုပ်သံထုတ်လွှင့်နည်းပညာများနှင့် Broadcast satellite Generation များအကြောင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားစက်မှုဌာနခွဲရှိ အင်ဂျင်နီယာများအား စာတွေ့လက်တွေ့သင်ကြား ပေးမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ စက်မှုဌာနခွဲမှ အင်ဂျင်နီယာဝန်ထမ်း ၂၆ ဦး တက်ရောက်ပြီး နိုဝင်ဘာ ၅ ရက်မှ ၉ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
