နေပြည်တော် နိုဝင်ဘာ ၅
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တန်ဆောင်တိုင်ပွဲတော်ကို ယမန်နေ့ညနေပိုင်းက တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမ၌ကျင်းပရာ တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများပစ်လွှတ်ခြင်းကို အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခြင်းတို့ကို လိုက်လံကြည့်ရှုအားပေးပြီး တန်ဆောင်တိုင်ပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
