Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ အကြီးအကဲ Mr. Justin Brady အား လက်ခံတွေ့ဆုံ

နေပြည်တော်  နိုဝင်ဘာ   ၅

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲ Mr. Justin Brady အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် UNOCHA ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများ၊   လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးပြန်လည်ထူထောင်ရေး၊ အထွေထွေရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်