နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)၊ ပြည်ထောင်စုနယ်မြေနေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယက တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့်တာဝန်ရှိသူများက မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)က အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် နယ်မြေတာဝန်ခံဗဟိုအမှု ဆောင်အဖွဲ့ဝင်တစ်ဦးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
