Skip to main content

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် အစည်းအဝေး တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၃

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De Baecque နှင့် ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့အား ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျီနီဗာကွန်ဗင်းရှင်းများအား ဥပဒေရေးရာဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံးနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့တို့ ပူးပေါင်း၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုခြင်းနှင့်စပ်လျဉ်း၍ နည်းပညာနှင့် ဥပဒေပိုင်းဆိုင်ရာ စိစစ်မှုများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဥပဒေရေးရာဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံးနှင့် အခြားသက်ဆိုင်ရာဌာနများပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးနှင့် ဥပဒေရေးရာကိစ္စရပ်များကို  ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဒုတိယစစ်ဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တက်ရောက်

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) သည် ၂၀၂၅ မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ လက်ရှိအခြေအနေများအရ မူအားဖြင့် ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်