Skip to main content

(၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့တွင် အကျဉ်းချုပ်ကျင်းပ

ဘားအံ  နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို  ကျန်းမာရေးနှင့် ကားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကူးဆက်မှုမရှိစေရေး လမ်းညွှန်ချက်များနှင့်အညီ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်တွင် ယနေ့ နံနက်()နာရီက  အကျဉ်းချုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က တာဝန်ယူ ဆောင်ရွက်ပြီး သဘာပတိအဖွဲ့အဝင်းများအဖြစ် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်း၊ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်တို့က ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ တက်ရောက်လာကြသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ကရင်/မွန်တာဝန်ခံ) ဦးစောဒယ်နီရယ်ကြည်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံပါတီများ၊ ကော်မရှင်အဖွဲ့အဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ြိမ်းချမ်းရေး ကိုယ်စား လှယ်များက  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ၊ ရဲဘော်အပေါင်းအား အလေးပြုကြသည်။

ထို့နောက် ဘာပတိအဖြစ် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာ စကား ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂၀၂၀ပြည့်နှစ်၊ (၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝန်လွှာအား ကရင်ပြည်နယ်၀န်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားသည်။

ယခုနှစ် ၂၀၂၀ပြည့်နှစ် (၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကိုဗစ်-၁၉ဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းမရှိဘဲ ကျန်းမာရေးနှင့်ကားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းချုပ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)