Skip to main content

“Strengthening Sustainable Value Chain in Natural Rubber Production through Responsible Practices” အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၉

ရော်ဘာတန်ဖိုးကွင်းဆက်တစ်လျှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ၊ ပွင့်လင်းမြင်သာမှုနှင့် နောက်ခံအချက်အလက် ချိတ်ဆက်ခြေရာခံနိုင်မှုစနစ်များ ရေရှည်တည်တံ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်မှုအတွေ့အကြုံများကို IRRDB အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းမျှဝေဖလှယ်ရန် ရည်ရွယ်ကျင်းပသည့် “Strengthening Sustain-able Value Chain in Natural Rubber Production through Responsible Practices" အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel Yangon ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ IRRDB အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာ့သဘာဝရော်ဘာရေရှည်တည်တံ့ မှုဖော်ဆောင်ရေးအသင်း၊ မြန်မာ့ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာလုပ်ငန်းနှင့်ပတ်သက်သော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက IRRDB အဖွဲ့ဝင်နိုင်ငံများအတွင်း အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံများ ဝေငှခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်ပြီး EUDR စံနှုန်းများနှင့်ကိုက်ညီသည့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဖြစ်အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပူးပေါင်းချိတ်ဆက်တည်ဆောက်ထားသည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးဆိုင်ရာ အစီအစဉ်များနှင့် မူဝါဒချိန်ညှိမှုများက သစ်တောပြုန်းတီးမှုအန္တရာယ်များကို စုပေါင်းဖြေရှင်းကာကွယ်နိုင်စေမည်ဖြစ်ကြောင်း၊ အလားတူ အရည်အသွေးအာမခံချက်ကို ထိခိုက်စေသည့် ဒေသတွင်းအရည်အသွေးနိမ့်ကျသော ရော်ဘာများကို ဈေးနှုန်းချိုသာစွာ ရောင်းဝယ်ဖောက်ကားနေမှုကို စုပေါင်းထိန်းချုပ်ကြရမည်ဖြစ်ကြောင်း။

တိုက်တွန်းပြောကြား

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ကြပြီး ပိုမိုကောင်းမွန်သော ဆွေးနွေးသုံးသပ်ချက်များ ဖော်ထုတ်ခြင်း ကို IRRDB ရည်ရွယ်ချက်များနှင့်အညီ အဖွဲ့ဝင်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် IRRDB ၏ အထွေထွေအတွင်းရေးမှူး Dr. Abdul Aziz တို့က အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်