နေပြည်တော် စက်တင်ဘာ ၂၀
စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရလွိုင်လင်မြို့ရပ်ကွက် (၂)အနီး လွိုင်လင်-တောင်ကြီးသွားကားလမ်း၌ တာချီလိတ်မြို့ပါလျှံ(၁)ရပ်ကွက် နေ အောင်ဇင်ဟိန်း (၃၉) နှစ် မောင်းနှင်ပြီး တာချီလိတ်မြို့ ပါလျှံ(၁)ရပ်ကွက်နေ မအဲနာ(၂၇)နှစ် လိုက်ပါလာသော HONDA CRV အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာယာဉ်ပေါ်မှ ၎င်းတို့နှစ်ဦး သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၂ ဒသမ ၄၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၇၃၉သိန်း) နှင့် ကတ်တမင်း ၆ ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၈၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၅၄၈ ဒသမ ၂၅ သိန်း) တို့ကို ဖမ်းဆီးရမိသဖြင့် အောင်ဇင်ဟိန်းနှင့် မအဲနာတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်