Skip to main content

ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား များအား မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ဆောင်ခဲ့

 

(၃-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ပြည်ပ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် (၂၉) ကြိမ်မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါ သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် တောင်အာဖရိကမှ (၂) ဦး၊ ကနေဒါမှ (၂) ဦး၊ ဘရာဇီးလ်မှ (၃) ဦး၊ ဗြိတိန်မှ (၃)ဦး၊ အင်ဒိုနီးရှားမှ (၂) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁၀) ဦး နှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၈၁) ဦး၊ မြန်မာ နိုင်ငံသား စုစုပေါင်း (၁၀၃) ဦး လိုက်ပါခဲ့ကြပါသည်။

၂။ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ၌ စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာ သင်္ဘောသား (၁၄၅) ဦး အား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ် တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင် ခဲ့ရာ ယနေ့ (၂၁ ၀၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

၃။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွား အလာ ကန့်သတ်မှု (၇) ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။

၄။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိသည်။

# Ministry of Foreign Affairs  Myanmar