နေပြည်တော် စက်တင်ဘာ ၉
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာအီဗန်နိုဆော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံဘဏ္ဍာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငွေပေးချေမှုကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား Fintech နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ရာတွင် Cybersecurity ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်