Skip to main content

ကူမင်းမြို့၌ ကျင်းပ​သော ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank  အဆင့်မြင့်ဖိုရမ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်​ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၉

စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာနများ၊ ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်​သောအဖွဲ့သည် ယ​မန်နေ့နှင့် ယ​နေ့တို့တွင် ရန်ကုန်မြို့သို့ ပြန်လည်​ရောက်ရှိကြသည်။

ကိုယ်စားလှယ်အဖွဲ့တွင် ပါရှိသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များက ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေတင်ဆက်ကပြခြင်း၊ ရုပ်​သေးအကဖြင့် ​ဖျော်ဖြေခြင်း၊ ပြည်ထဲ​ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ပြင်ပမီဒီယာအဖွဲ့များမှ ကိုယ်စားလှယ်များက မန္တ​လေးငလျင်ကြီးတွင် ပထမဆုံး​ရောက်ရှိခဲ့​သော ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့အပါအဝင် တရုတ်ကယ်ဆယ်​ရေးအဖွဲ့များ၏ ကူညီကယ်ဆယ်​ရေး ပါဝင်ဆောင်ရွက်ခဲ့မှုနှင့် တရုတ် - မြန်မာချစ်ကြည်​ရေး ပိုမိုခိုင်မြဲ​စေခဲ့​မှုတို့နှင့် စပ်လျဉ်းသည့် စကားဝိုင်းတွင် ပါဝင်ဆွေး​နွေးခြင်း၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ မြန်မာလက်မှုပညာထုတ်ကုန်များနှင့် မြန်မာနိုင်ငံ၏ ​တော​တောင်​ရေ​မြေသဘာဝနှင့် ခရီးစဉ်ဒေသများ၊ လက်​ဆောင်ပစ္စည်းအ​ရောင်းပြခန်းများကို ဈေးရောင်းပွဲတော်တွင် ပါဝင်ခင်းကျင်းပြသခြင်း ​ဆောင်ရွက်ခဲ့ကြသည်။

သတင်းစဉ်