ရန်ကုန် စက်တင်ဘာ ၂
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကို ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ၌ သုံးရက်တိုင်ကျင်းပခဲ့ရာ ဖိုရမ်သို့တက်ရောက်ခဲ့ကြသည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူငယ်များသည် ယနေ့တွင် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ ကြည့်ရှုလေ့လာကြသည်။
ဦးစွာ တိုင်းရင်းသားလူငယ်များသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ရန်ကုန်တက္ကသိုလ်၊ အမျိုးသားပြတိုက်၊ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)တို့ကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် အပျော်စီးသင်္ဘောဖြင့် ရန်ကုန်မြစ်တစ်လျှောက် ဆိပ်ကမ်းများနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ)ကို ကြည့်ရှုလေ့လာကြပြီး သာကေတမြို့နယ်ရှိ လူငယ်စင်တာနှင့် တိုင်းရင်းသားကျေးရွာတို့ကို လေ့လာကြည့်ရှုကြသည်။
သတင်းစဉ်